Isaiah 34:6
ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 34:5ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
Isaiah 63:3ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
Jeremiah 49:13ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeremiah 51:40ငါသည်သူတို့အားသိုးသငယ်များကဲ့သို့ လည်းကောင်း၊ ဆိတ်ထီး၊ သိုးထီးများကဲ့သို့ လည်းကောင်းသတ်ရန်ခေါ်ဆောင်သွားမည် ဟုမိန့်တော်မူ၏။
Ezekiel 21:10သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။ လျှပ်ပြက်သကဲ့သို့ပြောင်လက်စေရန် တိုက်ချွတ်ထား၏။ ငါ၏သားယုဒအုပ်စိုးသောရာဇလှံတံကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်မည်မဟုတ်။ ထိုရာဇလှံတံသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည်။