Isaiah 35:6
ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
Common Language Bible
In The King James Version
In Context
5မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
Cross References
Exodus 17:6သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
Nehemiah 9:15``သူတို့ဆာလောင်မွတ်သိပ်ကြသောအခါ မိုးကောင်းကင်မှအစားအစာကိုချပေး တော်မူ၍ ရေငတ်ကြသောအခါကျောက်ဆောင်ထဲမှ ထွက်သောရေကိုပေးတော်မူပါ၏။ ကိုယ်တော်ပေးတော်မူမည်ဟု ကတိထားသောပြည်ကိုသိမ်းပိုက်ရန် သူတို့အား မိန့်တော်မူပါ၏။
Psalms 51:15အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
Psalms 107:35ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။
Isaiah 35:1ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
Isaiah 41:18ငါသည်တောင်ကတုံးများ၌မြစ်များဖြစ်ပေါ်စေ၍၊ ချိုင့်ဝှမ်းများနှင့်စမ်းရေများပေါက်စေမည်။ ငါသည်သဲကန္တာရကိုရေကန်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေယာများကိုစမ်းရေတွင်း များ အဖြစ်သို့လည်းကောင်းပြောင်းလဲစေမည်။