Isaiah 36:18
ထာဝရဘုရားသည်ငါတို့ကိုကယ်ဆယ် တော်မူနိုင်သည်ဟု သင်တို့ထင်မှတ်ကြစေ ရန် ဟေဇကိလှည့်စားသည်ကိုနားမထောင် ကြနှင့်။ အခြားအမျိုးသားတို့၏ဘုရား များသည် သူတို့၏ပြည်ကိုအာရှုရိဧကရာဇ် ဘုရင်၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 19:12ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
2 Chronicles 32:13ငါနှင့်ငါ၏ဘိုးဘေးများသည်အတိုင်းတိုင်း အပြည်ပြည်မှလူတို့အားအဘယ်သို့ပြု ခဲ့သည့်ကိုသင်တို့မသိကြပါသလော။ အခြားအဘယ်တိုင်းနိုင်ငံ၏ဘုရားများ သည်မိမိတို့လူများအားအာရှုရိဧကရာဇ် ၏လက်မှကယ်ခဲ့ကြပါသနည်း။-
Psalms 92:5အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်တို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်ရှင်၏အကြံအစည်တော်သည်လည်း နက်နဲလှပါ၏။
Psalms 135:5ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
Isaiah 10:7သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊-
Isaiah 36:7ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-