Isaiah 36:22
ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Ezra 9:3ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
Isaiah 29:2ထိုနောက်ဘုရားသခင်သည်``ထာဝရဘုရား ၏ယဇ်ပလ္လင်တော်ဟုအမည်တွင်သောမြို့ကို ဘေးအန္တရာယ်ဆိုးဆိုက်ရောက်စေတော်မူလိမ့် မည်။ လူတို့သည်ငိုယိုညည်းတွားမြည်တမ်း ကြလိမ့်မည်။ တစ်မြို့လုံးပင်ယဇ်များကို ပူဇော်ရာပလ္လင်အဖြစ်သို့ပြောင်းလဲသွား လိမ့်မည်။-
Isaiah 36:3ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
Isaiah 37:1ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားခြင်း၊ ဟေဇကိမင်းသည်ဝမ်းနည်းပူ ဆွေးလျက် မိမိ၏အဝတ်များဆုတ်ဖြဲပြီး လျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား ၏ဗိမာန်တော်သို့သွားတော်မူ၏။-