Isaiah 36:5
စစ်အင်အားစွမ်းရည်ကိုစကားလုံးဖြင့် အစားထိုးနိုင်လိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။ ငါ့ကိုပုန်ကန်ရန် သင်တို့အားအဘယ်သူကူညီလိမ့်မည် ဟုထင်မှတ်ကြပါသနည်း။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 18:7သို့ဖြစ်၍ထာဝရဘုရားသည်သူနှင့်အတူရှိ တော်မူသဖြင့် သူသည်ပြုလေသမျှသော အမှုတို့တွင်အောင်မြင်လေသည်။ သူသည် အာရှုရိဧကရာဇ်ဘုရင်ကိုအညံ့မခံဘဲ ပုန်ကန်လေသည်။-
Nehemiah 2:19ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
Proverbs 24:5ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
Ezekiel 17:15သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။