Isaiah 37:17
အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 6:40``အို အကျွန်ုပ်၏ဘုရားသခင်၊ ယခုအကျွန်ုပ် တို့ကိုကြည့်ရှုတော်မူ၍ဤဌာနတော်တွင်ပြု သည့်ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူပါ။-
Job 36:7ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။
Psalms 17:6အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်နားညောင်းတော်မူ တတ်သည်ဖြစ်၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာပြုပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကျွန်တော်မျိုး၏ပတ္ထနာစကားများကို နားထောင်တော်မူပါ။
Psalms 74:10အို ဘုရားသခင်၊ ရန်သူများသည်အဘယ်ကာလတိုင်အောင် ကိုယ်တော်ရှင်အားပြောင်လှောင်လျက် နေကြပါမည်နည်း။ သူတို့သည်ကိုယ်တော်ရှင်၏နာမတော်ကို အစဉ်အမြဲ စော်ကားကြပါမည်လော။
Psalms 79:12အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားစော်ကားပြောဆို ကြသည့် တိုင်းနိုင်ငံတို့သည်ခုနစ်ဆမျှပို၍ အစော်ကားခံစေတော်မူပါ။
Psalms 130:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။