Isaiah 37:30
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 3:12ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
Leviticus 25:5မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
1 Kings 13:3ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
2 Kings 20:9ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်သက်သေလက္ခဏာတစ်ခု ကိုပြတော်မူမည်။ အရှင်သည်လှေကား ပေါ်တွင်ကျလျက်ရှိသောအရိပ်ကိုရှေ့သို့ ဆယ်ထစ်တိုးစေလိုပါသလော။ သို့မဟုတ် နောက်သို့ဆယ်ထစ်ဆုတ်စေလိုပါသလော'' ဟုပြန်၍မေး၏။
Isaiah 7:21``ထိုအချိန်ကျရောက်လာသောအခါအကယ် ၍လယ်သမားတစ်ယောက်တွင် နွားသငယ် တစ်ကောင်နှင့်ဆိတ်နှစ်ကောင်သာလျှင်ရှိ သော်လည်း၊-