Isaiah 37:35
ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
For I will defend this city to save it for mine own sake, and for my servant David’s sake.
In Context
Cross References
1 Kings 11:12သို့ရာတွင်ငါသည်သင့်ခမည်းတော်ဒါဝိဒ်၏ မျက်နှာကိုထောက်၍ သင်၏လက်ထက်၌ဤ အမှုကိုမပြုဘဲသင်၏သားလက်ထက် ရောက်မှပြုမည်။-
1 Kings 15:4သို့ရာတွင်သူ၏ဘုရားသခင်ထာဝရဘုရား သည် ဒါဝိဒ်၏မျက်နှာကိုထောက်၍အဘိယမရှိ သည့်နောက်၌ ယေရုရှလင်မြို့ကိုအုပ်စိုးရန်နှင့် ယေရုရှလင်မြို့ကိုဘေးမဲ့လုံခြုံစွာစောင့်ထိန်း ရန်သားတော်တစ်ပါးကိုပေးတော်မူ၏။-
1 Chronicles 17:19အနာဂတ်ကာလ၌ကျွန်တော်မျိုးကြီးမြတ် လာမည်ကိုဖော်ပြရန် ကျွန်တော်မျိုးအတွက် အလိုတော်နှင့်အကြံအစည်တော်အရ ဤ သို့ပြုတော်မူခြင်းပင်ဖြစ်ပါ၏။-
Isaiah 38:6ငါသည်သင်နှင့်ဤယေရုရှလင်မြို့ကို အာရှုရိဧကရာဇ်၏လက်မှကယ်ဆယ်မည်။ ဤမြို့ကိုဆက်လက်၍ကာကွယ်စောင့်ရှောက် မည်ဟုဟေဇကိမင်းအားပြောကြားလော့'' ဟုမိန့်တော်မူ၏။
Isaiah 48:9``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
Jeremiah 23:5ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-