Isaiah 38:14
ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Job 17:3အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စထားမည်နည်း။
Psalms 69:3ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ ကိုယ်တော်ရှင်ကူမတော်မူရန် မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
Psalms 119:82``ကွန်တော်မျိုးအားအဘယ်သောအခါ၌ ကူမတော်မူပါမည်နည်း'' ဟုမေးလှောက်ကာ ကိုယ်တော်ရှင်ကတိထားတော်မူသည်ကို စောင့်မှော်နေရသည်မှာကွန်တော်မျိုး၏ မက်စိမားသည်ညောင်းညာလက်နေပါ၏။
Psalms 123:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
Isaiah 59:11ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
Ezekiel 7:16ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-