Isaiah 40:6
ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့် ``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင် ``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့် တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
Common Language Bible
In The King James Version
In Context
Cross References
Psalms 90:5ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။ သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။ နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
Psalms 92:7ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။
Psalms 103:15ငါတို့၏ဘဝအသက်တာသည်မြက်ပင်နှင့် တူ၏။ ငါတို့သည်တောပန်းကဲ့သို့ကြီးထွား ပွင့်လန်းလျက်နေကြ၏။
Isaiah 12:6ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''
Isaiah 40:3အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
Isaiah 58:1``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-