Isaiah 41:19
ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့် သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။ သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များ ရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 27:6ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
Isaiah 35:1ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
Isaiah 51:3``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
Isaiah 60:13``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
Isaiah 61:3ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
Ezekiel 17:22အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ``ငါသည်အာရစ်ပင်မြင့်၏ထိပ်ဖျားကိုင်းကို ယူ၍စိုက်မည်။ အခက်နုကိုချိုးပြီးနောက်အလွန်မြင့်သော တောင်မြင့်ပေါ်မှာစိုက်မည်။