Isaiah 41:23
အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။ သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ ကောင်းသောအမှုကိုပြုကြလော့။ သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 19:12အို အီဂျစ်မင်း၊ သင်၏အတိုင်ပင်ခံပညာရှိ များကားအဘယ်မှာနည်း။ အီဂျစ်ပြည်အတွက် အနန္တတန်ခိုးရှင်ထာဝရဘုရားအဘယ်သို့ အကြံအစည်တော်ရှိသည်ကိုသူတို့အား မေးမြန်းပါလော့။-
Isaiah 44:7ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
Isaiah 45:7ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
Isaiah 46:9ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။
John 13:19ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-