Isaiah 42:1
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 2:4ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။
Isaiah 32:16တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။-
Isaiah 43:10``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။ သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ ငါမှတစ်ပါးအခြားဘုရားမရှိ။ အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။
Isaiah 50:4မောပန်းနွမ်းနယ်သူအား၊အားအင်ဖြည့်တင်းပေး နိုင်ရန် အဘယ်သို့ပြောဆိုရမည်ကို ငါ့အားထာဝရအရှင်ဘုရားသခင် သွန်သင်ပေးတော်မူလေပြီ။ မိမိသွန်သင်တော်မူမည့်အရာကိုနားထောင်ရန် ကိုယ်တော်သည်ငါ့အားနံနက်တိုင်းစိတ်စောလျက် နေစေတော်မူ၏။
Isaiah 52:13ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။