Isaiah 42:10
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 16:32ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
Psalms 40:3ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
Psalms 96:11အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
Psalms 98:1ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
Psalms 117:1နိုင်ငံတကာတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Psalms 150:6သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။