The Bible Software
bible.software › Isaiah › Isaiah 42 › Isaiah 42:13

Isaiah 42:13

ထာ​ဝ​ရ​ဘု​ရား​သည်​သူ​ရဲ​ကောင်း​ကဲ့​သို့​စစ်​တိုက်​ရန် ထွက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​၍ စိတ်​စော​လျက်​နေ​တော်​မူ​၏။ ကိုယ်​တော်​သည်​စစ်​တိုက်​သံ​ကြွေး​ကြော်​လျက် မိ​မိ​၏ ရန်​သူ​တို့​အား​တန်​ခိုး​တော်​ကို​ပြ​တော်​မူ​၏။

Common Language Bible

In The King James Version

The LORD shall go forth as a mighty man, he shall stir up jealousy like a man of war: he shall cry, yea, roar; he shall prevail against his enemies.

In Context

12ရပ်​ဝေး​နိုင်​ငံ​သား​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​ပြု​၍၊ ဘုန်း​အ​သ​ရေ​တော်​ကို​ဖော်​ပြ ကြ​စေ။

14ဘု​ရား​သ​ခင်​က ``ငါ​သည်​ကာ​လ​ကြာ​မြင့်​စွာ​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ ငါ​၏​လူ​မျိုး​တော်​အား​အ​ဖြေ​မ​ပေး​ခဲ့။ သို့​ရာ​တွင်​ယ​ခု​အ​ရေး​ယူ​ဆောင်​ရွက်​ရန် အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​သည်​သား​ဖွား​သော​ဝေ​ဒ​နာ​ကို​ခံ​ရ​သူ အ​မျိုး​သ​မီး​ကဲ့​သို့​အော်​ဟစ်​ပါ​၏။

Read all of Isaiah 42

Cross References

Psalms 78:65နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​ရာ​မှ နိုး​ထ​သူ​ကဲ့​သို့​လည်း​ကောင်း စ​ပျစ်​ရည်​အ​ရှိန်​ဖြင့်​စိတ်​တက်​ကြွ​လာ​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း​နိုး​ထ​တော်​မူ​၏။

Isaiah 26:11ရန်​သူ​များ​သည်​မိ​မိ​တို့​အား၊ ကိုယ်​တော်​ရှင်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည် ကို​မ​သိ​ကြ​ပါ။ အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​အ​ရှက်​ကွဲ စေ​တော်​မူ​ပါ။ ဒုက္ခ​ရောက်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား တော်​မူ​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား အ​ဘယ်​မျှ​ချစ်​တော်​မူ​ကြောင်း သူ​တို့​အား​ပြ​တော်​မူ​ပါ​၏။

Isaiah 59:16အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​အား​ကယ်​မ​မည့်​သူ မ​ရှိ​သည်​ကို​လည်း​မြင်​တော်​မူ​၍​အံ့​သြ​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား​လက် တော်​ဖြင့်​ကယ်​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​ဖြောင့် မတ်​တော်​မူ​ခြင်း​အား​ဖြင့်​အောင်​ပွဲ​ခံ​တော်​မူ လိမ့်​မည်။-

Isaiah 63:1ဧ​ဒုံ​ပြည်၊ ဗော​ဇ​ရ​မြို့​မှ​လာ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လှ​ပ​တင့်​တယ်​စွာ​နီ​မြန်း သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​လျက်​ခွန်​အား စွမ်း​ရည်​အ​ပြည့်​အ​ဝ​နှင့်​ချီ​တက်​လာ​သူ ကား​အ​ဘယ်​သူ​နည်း။ ထို​သူ​သည်​မိ​မိ​၏​အောင်​ပွဲ​ကို​ကြေ​ညာ ရန်​ကြွ​လာ​သည့်​အ​ရှင်၊ ကယ်​တင်​ပိုင်​သော တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ တည်း။

Jeremiah 25:30``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။ အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 42:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 42:12Isaiah 42Isaiah 42:14 →