Isaiah 43:20
တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ ငါသည်မိမိရွေးချယ်ထားသူလူတို့ ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 104:21ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
Isaiah 11:6ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
Isaiah 41:17ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
Isaiah 48:21ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
Isaiah 55:1ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။