Isaiah 43:22
ထာဝရဘုရားက ``သင်တို့ဝတ်ပြုကိုးကွယ်ခြင်းကိုခံရသူမှာ ငါမဟုတ်။ အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ့ကို ဝတ်ပြုကိုးကွယ်ရန်ငြီးငွေ့လျက်ရှိကြ၏။
Common Language Bible
In The King James Version
But thou hast not called upon me, O Jacob; but thou hast been weary of me, O Israel.
In Context
Cross References
Job 21:14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
Psalms 14:4ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
Isaiah 64:6ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
Jeremiah 2:5ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
Jeremiah 2:31ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
Daniel 9:13အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-