Isaiah 43:24
သင်တို့သည်ငါ့အားပူဇော်ရန်နံ့သာပေါင်းကို မဝယ်ကြ။ ယဇ်ကောင်ဆီဥနှင့်လည်းငါ့အားမရောင့်ရဲစေကြ။ ယင်းသို့ပြုမည့်အစားသင်တို့သည်မိမိတို့ အပြစ်များဖြင့်ငါ့ကိုဝန်လေးစေကြ၏။ မိမိတို့ပြုသည့်အမှားများဖြင့်ငါ့ကို ငြီးငွေ့စေကြလေပြီ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 30:23``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
Leviticus 3:16ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။-
Psalms 50:9သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
Isaiah 1:14သင်တို့၏လဆန်းပွဲနေ့များနှင့်မြင့်မြတ်သန့်ရှင်းသောနေ့များကိုငါမုန်း၏။ ထိုပွဲသဘင်များသည်ငါမထမ်းလိုတော့သည့်ဝန်ထုပ်ဖြစ်ပေသည်။
Isaiah 7:13ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
Jeremiah 6:20ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-