Isaiah 43:9
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
Common Language Bible
In The King James Version
In Context
Cross References
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
1 Kings 18:36ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
Psalms 50:1အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
Isaiah 41:21ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက ``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။ သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။ အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊ နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။
Isaiah 43:26``တရားရုံးတော်သို့ငါတို့သွားကြကုန်အံ့။ သင်တို့၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ကြလော့။ သင်တို့ဘက်မှမှန်ကန်ကြောင်းသက်သေခံ အထောက်အထားပြနိုင်ရန်၊ သင်တို့၏အမှုကိုတင်ပြကြလော့။
Isaiah 44:7ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။