Isaiah 44:23
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 18:9ယေသရောသည်အီဂျစ်အမျိုးသားများ လက်မှ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် သတင်းကိုကြားရလျှင် အလွန်ဝမ်းသာ အားရဖြစ်လေ၏။-
1 Chronicles 16:33ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
Psalms 69:34ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ ဘုရားသခင်အားထောမနာပြုကြလော့။
Psalms 89:13ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။
Psalms 98:7အချင်းပင်လယ်နှင့်ပင်လယ်ရှိသတ္တဝါအပေါင်း တို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေနှင့်ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့သီချင်းဆိုကြ လော့။
Psalms 148:9တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊ တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။