The Bible Software
bible.software › Isaiah › Isaiah 44 › Isaiah 44:24

Isaiah 44:24

``ငါ​သည်​သင်​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကယ်​တင်​ရှင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​သည့် ထာ​ဝ​ရ​ဘု​ရား​တည်း။ မိုး​ကောင်း​ကင်​ကို​ငါ​တစ်​ပါး​တည်း​ဖြန့်​ကြက်​ခဲ့​၏။ ကမ္ဘာ​မြေ​ကြီး​ကို​ငါ​ဖန်​ဆင်း​သော​အ​ခါ အ​ဘယ်​သူ​မျှ​ငါ့​အား​မ​ကူ​ညီ​ခဲ့​ကြ။

Common Language Bible

In The King James Version

Thus saith the LORD, thy redeemer, and he that formed thee from the womb, I am the LORD that maketh all things; that stretcheth forth the heavens alone; that spreadeth abroad the earth by myself;

In Context

23အ​ချင်း​မိုး​ကောင်း​ကင်၊ ဝမ်း​မြောက်​ရွှင်​လန်း စွာ ကြွေး​ကြော်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ရှိ​နက်​ရှိုင်း​ရာ​အ​ရပ်​တို့၊ ကြွေး​ကြော်​ကြ​လော့။ တောင်​များ​နှင့်​တော​မှ​သစ်​ပင်​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​၍၊ မိ​မိ​၏ ဘုန်း​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပြီ။

25ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

Read all of Isaiah 44

Cross References

Job 26:7မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။

Psalms 71:6ကျွန်​တော်​မျိုး​သည်​တစ်​သက်​လုံး​ကိုယ်​တော်​ရှင် ကို မှီ​ခို​ခဲ့​ပါ​၏။ ကျွန်​တော်​မျိုး​မွေး​ဖွား​ချိန်​မှ​စ​၍ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ခဲ့​ပါ​ပြီ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​အ​စဉ် မ​ပြတ် ထော​မ​နာ​ပြု​ပါ​မည်။

Psalms 104:2ကိုယ်​တော်​ရှင်​သည်​မိ​မိ​ကိုယ်​ကို​အ​လင်း​ရောင်​ဖြင့် လွှမ်း​ခြုံ​တော်​မူ​ပါ​၏။ မိုး​ကောင်း​ကင်​ကို​တဲ​ရှင်​သ​ဖွယ်​ဖြန့်​တော်​မူ​၍

Isaiah 40:22ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။

Isaiah 43:1အို ဣ​သ​ရေ​အ​မျိုး​သား​တို့၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​က ``မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကို​ငါ​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​နာ​မည်​တပ်​၍​ငါ​ခေါ်​ယူ​ပြီ။ သင်​တို့​ကို​ငါ​ပိုင်​၏။

Isaiah 43:14ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​ကို​ကယ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အား​ကယ်​ရန်​စစ်​သည်​ဗိုလ်​ခြေ တို့​ကို ဗာ​ဗု​လုန်​ပြည်​သို့​စေ​လွှတ်​မည်။ မြို့​တံ​ခါး​များ​ကို​ငါ​ဖျက်​ချ​မည်။ မြို့​သူ​မြို့​သား​တို့​၏​ကြွေး​ကြော်​သံ​သည် ငို​ကြွေး​သံ​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 44:24

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 44:23Isaiah 44Isaiah 44:25 →