The Bible Software
bible.software › Isaiah › Isaiah 44 › Isaiah 44:5

Isaiah 44:5

``လူ​တို့​သည်​တစ်​ယောက်​ပြီး​တစ်​ယောက် `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​ဖြစ်​ပါ​သည်' ဟု ပြော​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် အ​တူ လာ​ရောက်​နေ​ထိုင်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​လက်​မောင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​ရေး​မှတ်​ကာ၊ မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဟု မှည့်​ခေါ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ၏။

Common Language Bible

In The King James Version

One shall say, I am the LORD’S; and another shall call himself by the name of Jacob; and another shall subscribe with his hand unto the LORD, and surname himself by the name of Israel.

In Context

4သူ​တို့​သည်​ရေ​ကောင်း​စွာ​ရ​သည့်​မြက်​များ ကဲ့​သို့ ရေ​စီး​သော​ချောင်း​အ​နီး​ရှိ​မိုး​မ​ခ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​ဝေ​ဆာ​လျက်​နေ​ကြ​လိမ့်​မည်။

6ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စိုး​ရ​၍​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင် အောင် တည်​နေ​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ​မ​ရှိ။

Read all of Isaiah 44

Cross References

Deuteronomy 26:17ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-

Nehemiah 9:38ဤ​သို့​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​ပေါင်း​ကြောင့် ငါ​တို့​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​က​တိ​ဝန်​ခံ ချက်​ကို​စာ​ဖြင့်​ရေး​၍ ငါ​တို့​၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ က​တံ​ဆိပ်​ခတ်​ကြ​၏။

Isaiah 2:3သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

Micah 4:2``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။

Zechariah 13:9``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

Galatians 6:16ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 44:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 44:4Isaiah 44Isaiah 44:6 →