bible.software › Isaiah › Isaiah 45 › Isaiah 45:10
Isaiah 45:10
မိမိ၏မိဘများအား``အဘယ်ကြောင့် ကျွန်တော့်ကိုဤသို့မွေးထုတ်ကြပါ သနည်း'' ဟု ဆိုဝံ့သူရှိပါသလော။
Common Language Bible
In The King James Version
Woe unto him that saith unto his father, What begettest thou? or to the woman, What hast thou brought forth?
In Context
9အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
11ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်၊ အနာဂတ်ကိုပြုပြင်ဖန်တီးတော်မူသော ထာဝရဘုရားက၊ ``ငါ၏သားသမီးများနှင့်ပတ်သက်၍ သင်တို့တွင် မေးခွန်းထုတ်ပိုင်ခွင့်မရှိ။ အဘယ်အမှုကိုငါပြုသင့်သည်ဟုလည်း ပြောဆိုပိုင်ခွင့်မရှိ။
Read all of Isaiah 45
Cross References
Malachi 1:6အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
This Verse In Other Editions
Study Isaiah 45:10