Isaiah 45:14
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 13:32သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။-
Esther 8:17မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။
Psalms 68:30ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
Psalms 149:6တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 10:33အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
Isaiah 18:7နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။