Isaiah 45:23
ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့် ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 22:16``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
Numbers 23:19ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
2 Chronicles 15:14ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။-
Psalms 63:11ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ ထာဝရဘုရား၏နာမတော်အားဖြင့် သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။
Psalms 132:2အို ထာဝရဘုရား၊ ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊ ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်း ဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။ အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟု ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။
Isaiah 21:17ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။