Isaiah 45:5
``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 4:39သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
1 Kings 8:60သို့မှသာထာဝရဘုရားတစ်ပါးတည်းသာ လျှင်ဘုရားဖြစ်ကြောင်း၊ အခြားဘုရားမရှိ ကြောင်းကိုကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ သိရှိကြပါလိမ့်မည်။-
Job 12:18ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
Psalms 18:32ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
Psalms 18:39ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
Isaiah 22:21သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-