Isaiah 46:10
ငါသည်အစအဦးမှတင်ကူး၍နိဂုံးကို ဖော်ပြခဲ့၏။ ဖြစ်ပျက်မည့်အမှုအရာကိုရှေးကာလမှပင်လျှင် ကြိုတင်ဟောကြားခဲ့၏။ ငါ၏အကြံအစည်များသည်အဘယ်အခါ ၌မျှ ပျက်ပြားရလိမ့်မည်မဟုတ်ဟု ငါဆိုခဲ့သည့်အတိုင်း၊ငါရည်ရွယ်ထားသည့် အမှုအရာမှန်သမျှကိုငါပြုမည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 3:15သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Numbers 24:17ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Psalms 33:11သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။ ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။
Proverbs 19:21လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။