Isaiah 46:12
ငါတို့လွတ်မြောက်ရန်အချိန်ကာလသည် ဝေးသေးသည်ဟုဆိုသူ အချင်းခေါင်းမာသည့်လူစု၊ငါပြောသည်ကို နားထောင်ကြလော့။
Common Language Bible
In The King James Version
Hearken unto me, ye stouthearted, that are far from righteousness:
In Context
Cross References
Psalms 76:5ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
Psalms 119:155သူယုတ်မာတို့သည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုမလိုက်နာကြသဖြင့် ကိုယ်တော်ရှင်သည်သူတို့အားကယ်တော်မူလိမ့်မည် မဟုတ်ပါ။
Proverbs 8:1ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
Isaiah 28:14ယခုယေရုရှလင်မြို့တွင် ဤလူတို့အား အုပ်စိုးလျက်ရှိသည့်အချင်းမောက်မာ ထောင်လွှားသူတို့၊ ထာဝရဘုရားမိန့် တော်မူသည်ကိုနားထောင်ကြလော့။-
Isaiah 45:20ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
Isaiah 48:1အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။