Isaiah 46:7
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
Common Language Bible
In The King James Version
In Context
Cross References
Judges 10:12ဇိဒုန်အမျိုးသား၊ အာမလက်အမျိုးသား နှင့်မောနိအမျိုးသားတို့သည် သင်တို့အား ညှင်းဆဲနှိပ်စက်ကြသောအခါ ငါ့ထံသို့သင် တို့အော်ဟစ်လျှောက်ထားခဲ့ကြ၏။ ငါသည် လည်းထိုသူတို့လက်မှသင်တို့ကိုကယ်ဆယ် ခဲ့သည်မဟုတ်ပါလော။
1 Samuel 5:3နောက်တစ်နေ့နံနက်စောစော၌ဒါဂုန်ရုပ်တု သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော် ရှေ့တွင် မှောက်လျက်လဲကျနေသည်ကိုအာဇုတ် မြို့သားတို့မြင်ရကြ၏။ သို့ဖြစ်၍သူတို့သည် ထိုရုပ်တုကိုထူပြီးလျှင်တစ်ဖန်မူရင်းနေ ရာတွင်ပြန်ထားကြ၏။-
1 Kings 18:29သူတို့သည်ညနေစောင်းတိုင်အောင်ကျယ်လောင် စွာဟစ်အော်ကြသော်လည်းအဖြေမရကြ။ မည်သည့်အသံကိုလည်းမကြားရကြ။
Isaiah 37:38တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
Isaiah 45:20ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
Jeremiah 2:28``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-