Isaiah 48:11
ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Numbers 14:15ယခုတွင်ကိုယ်တော်၏လူမျိုးတော်ကိုသုတ်သင် ပယ်ရှင်းတော်မူလျှင် ကိုယ်တော်၏ဂုဏ်သတင်း ကိုကြားခဲ့ဖူးသောလူမျိုးများက၊-
Deuteronomy 32:27သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့် ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။'
Psalms 25:7အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
Isaiah 37:35ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
Isaiah 43:25သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
Isaiah 52:5ထာဝရဘုရားကယခုအခါဗာဗုလုန်ပြည် တွင်လည်း ဤအတိုင်းပင်ဖြစ်ပြန်လေပြီ။ သင် တို့သည်ထိုပြည်တွင်အကြောင်းမဲ့သုံ့ပန်းများ ဖြစ်လျက်နေကြရ၏။ သင်တို့ကိုအုပ်စိုးသူ များသည်ပြောင်လှောင်ကာ ငါ့နာမတော်ကို အစဉ်ပင်မထီမဲ့မြင်ပြုကြ၏ဟုမိန့်တော် မူသည်။-