Isaiah 48:4
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
Common Language Bible
In The King James Version
Because I knew that thou art obstinate, and thy neck is an iron sinew, and thy brow brass;
In Context
Cross References
Exodus 9:7ဘုရင်သည်ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန် တစ်ကောင်မျှမသေကြောင်းကိုစုံစမ်း သိရှိရလေ၏။ သို့သော်ဘုရင်သည်ခေါင်းမာ မြဲခေါင်းမာလျက် ဣသရေလအမျိုးသား တို့ကိုသွားခွင့်မပြုဘဲနေလေ၏။
Exodus 33:3သင်တို့ကိုအစာရေစာပေါများ၍မြေ သြဇာထက်သန်သောပြည်သို့ပို့ဆောင်မည်။ သို့ရာတွင်သင်တို့သည်ခေါင်းမာသောလူမျိုး ဖြစ်၍၊ လမ်းခရီး၌သင်တို့ကိုငါသေကြေ ပျက်စီးစေမည်စိုးသောကြောင့် ငါကိုယ်တိုင် သင်တို့နှင့်အတူခရီးမသွား'' ဟုမိန့် တော်မူ၏။
Deuteronomy 10:16သို့ဖြစ်သောကြောင့်သင်တို့သည်ယခုမှစ၍ ထာဝရဘုရား၏အမိန့်တော်ကိုနာခံ လျက် ခေါင်းမာသောသဘောကိုပယ်ရှားကြ လော့။-
2 Kings 17:14သို့ရာတွင်သူတို့သည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ကြ၊ မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအား ယုံကြည် ကိုးစားမှုမပြုသူဘိုးဘေးတို့ကဲ့သို့ ခေါင်းမာလျက်နေကြ၏။-
2 Chronicles 36:13ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
Nehemiah 9:28ငြိမ်းချမ်းမှုပြန်လည်ရရှိကြသောအခါ သူတို့သည်တစ်ဖန်အပြစ်ကူးလွန်ကြပြန်သဖြင့် ကိုယ်တော်သည်သူတို့အားရန်သူများ၏လက်သို့ တစ်ဖန်အပ်တော်မူပါ၏။ သို့ရာတွင်သူတို့သည်နောင်တရလျက် မိမိတို့အားကယ်တော်မူရန်အထံတော်သို့ တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည်ကောင်းကင်ဘုံမှကြားတော်မူပါ၏။ ကရုဏာတော်ကြီးမားတော်မူသည့်အလျောက် သူတို့အားအကြိမ်ကြိမ်အဖန်ဖန် ကယ်ဆယ်တော်မူပါ၏။