The Bible Software
bible.software › Isaiah › Isaiah 49 › Isaiah 49:24

Isaiah 49:24

ကိုယ်​တော်​ရှင်​သည်​စစ်​သည်​သူ​ရဲ​ထံ​မှ​သူ​၏ လု​ရာ​ပါ ပစ္စည်း​ကို​သိမ်း​ယူ​နိုင်​ပါ​သ​လော။ မင်း​ဆိုး​မင်း​ညစ်​၏​လက်​မှ​သုံ့​ပန်း​များ​ကို ကယ်​ဆယ်​နိုင်​ပါ​သ​လော။

Common Language Bible

In The King James Version

Shall the prey be taken from the mighty, or the lawful captive delivered?

In Context

23ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

25ထာ​ဝ​ရ​ဘု​ရား​က၊ ``ယ​ခု​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​သည် ဤ​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ စစ်​သည်​သူ​ရဲ​ဖမ်း​ဆီး​ထား​သည့်​သုံ့​ပန်း​များ​ကို ငါ​လွှတ်​ပစ်​မည်။ မင်း​ဆိုး​မင်း​ညစ်​၏​လု​ရာ​ပါ​ပစ္စည်း​များ​ကို ငါ​သိမ်း​ဆည်း​မည်။ ငါ​သည်​သင့်​ကို​တိုက်​ခိုက်​သူ​တို့​အား​တိုက်​ခိုက်​၍၊ သင်​၏​သား​သ​မီး​များ​ကို​ကယ်​ဆယ်​မည်။

Read all of Isaiah 49

Cross References

Ezra 9:9အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။

Nehemiah 9:33အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။

Psalms 124:6ငါ​တို့​ကို​ရန်​သူ​များ​အုပ်​ဖမ်း​ကိုက်​စား​သည့် အ​စာ​ဖြစ်​ခွင့်​ပေး​တော်​မ​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန်​စို့။

Isaiah 42:22သို့​ရာ​တွင်​ယ​ခု​အ​ခါ​ကိုယ်​တော်​၏​လူ​စု​သည် တိုက်​ခိုက်​လု​ယက်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​အ​ကျဉ်း​ထောင်​အ​မှောင်​ခန်း​များ​တွင် သော့​ခတ်​၍​ဝှက်​ထား​ကြ​၏။ ကယ်​ဆယ်​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဘဲ သူ​တို့​သည်​တိုက်​ခိုက်​လု​ယက်​ခြင်း​ကို ခံ​ရ​ကြ​လေ​သည်။

Jeremiah 25:6သူ​တို့​သည်​သင်​တို့​အား​အ​ခြား​ဘုရား​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​မှု​မ​ပြု​ကြ​ရန်​ကို​လည်း ကောင်း၊ သင်​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​မှု​မ​ပြု​ကြ​ရန် ကို​လည်း​ကောင်း​ပြော​ကြား​ခဲ့​ကြ​၏။ အ​ကယ် ၍​သင်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​သာ နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ကိုယ်​တော်​သည် သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်။-

Ezekiel 37:3ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 49:24

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 49:23Isaiah 49Isaiah 49:25 →