Isaiah 5:16
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 10:3ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
1 Chronicles 29:11ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
Psalms 21:13အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
Isaiah 2:9သို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။
Isaiah 2:17လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။-
Isaiah 8:13အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မြင့် မြတ်သန့်ရှင်းတော်မူကြောင်းကိုမမေ့မလျော့ နှင့်။ သင်ကြောက်ရမည့်သူကားငါပင်တည်း။-