Isaiah 5:19
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 30:11ငါတို့လမ်းမှဖယ်ကြလော့။ ငါတို့လမ်းကို မပိတ်ကြနှင့်။ သင်တို့ကိုးကွယ်သောသန့်ရှင်း မြင့်မြတ်သည့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အကြောင်းကိုငါတို့ မကြားလို'' ဟုဆိုကြ၏။
Jeremiah 5:12ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
Jeremiah 23:18ငါက``ဤပရောဖက်များအနက်အဘယ်သူ မျှ ထာဝရဘုရား၏လျှို့ဝှက်သောအကြံ အစည်တော်တို့ကိုသိရှိသည်ဟူ၍မရှိ။ အဘယ်သူမျှကိုယ်တော်၏ဗျာဒိတ်တော် ကိုကြားသည်၊ နားလည်သည်ဟူ၍မရှိကြ။ သူတို့သည်အဘယ်အခါ၌မျှထာဝရ ဘုရားမိန့်တော်မူသောစကားကိုနား မထောင်။ ပမာဏလည်းမပြုကြ။-
Ezekiel 12:22ကိုယ်တော်က``အချင်းလူသား၊ အဘယ်ကြောင့် ဣသရေလအမျိုးသားတို့သည်`အချိန်သာ ကုန်လွန်၍ဗျာဒိတ်ရူပါရုံများကားအ ကောင်အထည်မပေါ်လာ' ဟူသောစကားပုံ ကိုအဖန်တလဲလဲသုံးစွဲနေကြသနည်း။-
Amos 5:18ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-