Isaiah 5:20
သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 23:7လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
Job 17:12ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။
Proverbs 17:15မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
Isaiah 32:5လူမိုက်တို့အားဂုဏ်အသရေရှိသူများဟူ ၍သော်လည်းကောင်း၊ သူယုတ်မာတို့အားရိုး ဖြောင့်သူများဟူ၍သော်လည်းကောင်း အဘယ် သူမျှထင်မှတ်ပြောဆိုကြလိမ့်မည်မဟုတ်။-
Amos 5:7လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
Malachi 2:17သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။