Isaiah 5:25
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:14တစ်ဖန်ထာဝရဘုရားက``သင်တို့သည်ငါ ၏ပညတ်များကိုမစောင့်ထိန်းလျှင်အပြစ် ဒဏ်ခံရကြမည်။-
Leviticus 26:21``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
Deuteronomy 31:18သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။-
1 Kings 14:11သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
1 Kings 21:24မြို့ပြင်၌သေလျှင်လင်းတစာဖြစ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
2 Kings 13:3သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။-