Isaiah 5:28
သူတို့၏မြားများသည်ထက်လျက်၊ လေးတို့ သည်လည်းတင်ရန်အသင့်ရှိကြ၏။ သူတို့ ၏မြင်းခွာများသည်မီးခတ်ကျောက်ကဲ့သို့ မာ၍ရထားဘီးများသည်လည်းလေဗွေ ကဲ့သို့လျင်မြန်စွာလည်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 7:12အကယ်၍လူတို့သည်နောင်တမရကြပါမူ ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
Psalms 120:4စစ်သည်တို့၏ထက်မြက်သောမြားဖြင့်လည်း ကောင်း၊ ရဲရဲတောက်ပူလောင်သည့်မီးခဲဖြင့်လည်းကောင်း ဒဏ်ခတ်တော်မူလိမ့်မည်။
Jeremiah 5:16သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
Ezekiel 21:9ကိုယ်တော်က``အချင်းလူသား၊ ဗျာဒိတ်တော် ကိုဆင့်ဆိုလော့။ ငါထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုလူတို့အားဆင့်ဆို ရမည်မှာ၊ ``ဋ္ဌားတော်ကိုထက်အောင်သွေးထားပြီး။ ဋ္ဌားတော်ကိုပြောင်လက်အောင်တိုက်ချွတ် ထားပြီ။
Nahum 2:3ရန်သူစစ်သူရဲတို့သည်ဒိုင်းလွှားနီများ ကိုကိုင်ဆောင်ကာ ဆင်တူဝတ်စုံနီများကိုဝတ်ဆင်ထားကြ၏။ သူတို့သည်တိုက်ခိုက်ရန်အသင့်ပြင်ဆင်လျက် ရှိကြ၏။ သူတို့၏စစ်မြင်းရထားများသည်မီးလျှံ သဖွယ် တောက်ပလျက်၊ သူတို့၏မြင်းများသည်ခုန်ပေါက်၍နေကြ၏။