Isaiah 5:4
ထိုဥယျာဉ်ကိုပြုစုရာတွင်ငါ့မှာအဘယ် လစ်ဟင်းမှုရှိပါသနည်း။ သို့ပါလျက်စပျစ် ပင်များသည် အဘယ်ကြောင့်ငါမျှော်လင့်သည့် အတိုင်းစပျစ်သီးကောင်းများအစားစပျစ် သီးချဉ်များကိုသီးရပါသနည်း။
Common Language Bible
In The King James Version
In Context
Cross References
Exodus 37:22ပွင့်ဖူး၊ အကိုင်းနှင့်ဆီမီးတိုင်တို့သည်တစ် သားတည်းဖြစ်၍၊ ရွှေဖြင့်ထုလုပ်၏။-
Isaiah 1:5သင်တို့သည်အဘယ်ကြောင့်ဆက်လက်ပုန်ကန်လျက်နေကြပါသနည်း။ ယခုထက်ပင်ပိုမိုကြီးလေးသည့်အပြစ်ဒဏ်ကိုခံလိုကြပါသလော။ အချင်းဣသရေလပြည်သူတို့၊ သင်တို့၏ဦးခေါင်းသည်ဒဏ်ရာများဖြင့်ပြည့်လျက်ရှိ၏။ သင်တို့၏စိတ်နှလုံးသည်လည်းညှိုးနွမ်းလျက်နေ၏။-
Jeremiah 2:30``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
Ezekiel 24:13အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
Micah 6:3ထာဝရဘုရားက``ငါ၏လူမျိုးတော်တို့၊ သင်တို့ဤမျှလောက်ဆိုးရွားလာစေရန် သင်တို့အားငါမည်ကဲ့သို့ပြုလုပ်ခဲ့ဖူး သနည်း။ ငါ့အားဖြေကြားလော့။-
Acts 7:51``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-