Isaiah 5:7
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 2:23ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
Exodus 22:21``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
Nehemiah 5:1ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။-
Job 34:28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
Psalms 80:15ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင် အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
Psalms 149:4ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။