The Bible Software
bible.software › Isaiah › Isaiah 50 › Isaiah 50:2

Isaiah 50:2

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။

Common Language Bible

In The King James Version

Wherefore, when I came, was there no man? when I called, was there none to answer? Is my hand shortened at all, that it cannot redeem? or have I no power to deliver? behold, at my rebuke I dry up the sea, I make the rivers a wilderness: their fish stinketh, because there is no water, and dieth for thirst.

In Context

1ထာ​ဝ​ရ​ဘု​ရား​က၊ ``ဇ​နီး​သည်​ကို​ကွာ​ရှင်း​ပစ် လိုက်​သည့် ယောကျာ်း​ကဲ့​သို့၊ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​နှင်​ထုတ်​လိုက် သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ ယင်း​သို့​နှင်​ထုတ်​လိုက်​ပါ​မူ​ဖြတ်​စာ​များ​ကား အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ မိ​မိ​၏​သား​သ​မီး​များ​ကို​ကျွန်​အ​ဖြစ် ရောင်း​စား​သူ​ကဲ့​သို့၊ငါ​သည်​သင်​တို့​အား သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ရောင်း​ချ​လိုက်​သည်​ဟု​သင်​တို့ ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​ကြ သည်​မှာ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ဖြစ်​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​ကူး​လွန်​ကြ​သည့် ရာ​ဇ​ဝတ်​မှု​များ​ကြောင့်​အ​နှင်​ခံ​ရကြ​ခြင်း ဖြစ်​၏။

3မိုး​ကောင်း​ကင်​သည်​သူ​သေ​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့်​အ​မှတ်​လက္ခ​ဏာ​ကို ပြ​သည့်​အ​လား မှောင်​မဲ​၍​လာ​အောင်​ငါ​ပြု​နိုင်​၏။''

Read all of Isaiah 50

Cross References

Genesis 18:14ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။

Exodus 7:21မြစ်​ထဲ​၌​ရှိ​သော​ငါး​တို့​သည်​သေ​ကုန်​၏။ ရေ သည်​အ​လွန်​အ​နံ့​ဆိုး​သ​ဖြင့် အီ​ဂျစ်​ပြည် သား​တို့​သည်​ထို​ရေ​ကို​မ​သောက်​သုံး​နိုင် ကြ​ချေ။ အီ​ဂျစ်​တစ်​ပြည်​လုံး​နေ​ရာ​အ​နှံ့ တွင်​သွေး​နှင့်​ပြည့်​လေ​၏။-

Exodus 14:29ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။

Joshua 3:16ရေ​စီး​ရပ်​တန့်​၍​မြစ်​ညာ​ဘက်​အ​တန်​ကွာ ဝေး​သော​နေ​ရာ​၌ တည်​ရှိ​သည့်​ဇာ​ရ​တန် မြို့​အ​နီး​အာ​ဒံ​မြို့​၌​ရေ​စု​ပုံ​လျက်​ရှိ​လေ သည်။ ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သော​မြစ် ရေ​သည်​ပြတ်​သွား​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ယေ​ရိ​ခေါ​မြို့​အ​နီး​တစ်​ဘက်​ကမ်း သို့​ဖြတ်​ကူး​နိုင်​ကြ​လေ​သည်။-

Psalms 106:9ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။

Psalms 114:3ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။ ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 50:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 50:1Isaiah 50Isaiah 50:3 →