The Bible Software
bible.software › Isaiah › Isaiah 51 › Isaiah 51:22

Isaiah 51:22

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။

Common Language Bible

In The King James Version

Thus saith thy Lord the LORD, and thy God that pleadeth the cause of his people, Behold, I have taken out of thine hand the cup of trembling, even the dregs of the cup of my fury; thou shalt no more drink it again:

In Context

21ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊ သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊

23ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

Read all of Isaiah 51

Cross References

Psalms 35:1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​ကို တိုက်​ခိုက်​တော်​မူ​ပါ။

Isaiah 29:9သင်​တို့​သည်​အ​သိ​ဉာဏ်​တုံး​လျက်​ပင်​ရှိ​နေ ကြ​လော့။ မျက်​စိ​ကန်း​၍​နေ​ကြ​လော့။ စ​ပျစ် ရည်​မ​သောက်​ဘဲ​ယစ်​မူး​ကြ​လော့။ တစ်​စက်​မျှ ပင်​မ​သောက်​ဘဲ​ယိမ်း​ထိုး​၍​နေ​ကြ​လော့။-

Isaiah 51:17အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။

Isaiah 54:9``ငါ​သည်​ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​စေ​လိမ့်​မည်​မ​ဟုတ်​ဟု နော​ဧ​၏​လက်​ထက်​၌​က​တိ​ပြု​ခဲ့​၏။ သင်​တို့​အား​နောက်​တစ်​ဖန် အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ယ​ခု​ငါ​က​တိ​ပြု​ပါ​၏။ ငါ​သည်​သင်​တို့​အား​ပြစ်​တင်​ဆုံး​မ​မှု​နှင့် အ​ပြစ်​ဒဏ်​ခတ်​မှု​ကို​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။

Jeremiah 50:34သို့​ရာ​တွင်​ထို​သူ​တို့​အား​ကယ်​ဆယ်​တော်​မူ မည့်​အ​ရှင်​သည်​ခွန်​အား​ကြီး​မား​တော်​မူ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​မှာ​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သ​တည်း။ ထို​အ​ရှင်​ကိုယ် တော်​တိုင်​သူ​တို့​၏​အ​ကျိုး​ကို​ပြု​စု​တော်​မူ ၍ ပြည်​တော်​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​စေ တော်​မူ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ကို​မူ​ကား​ဒုက္ခ​ရောက်​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Lamentations 3:15ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 51:22

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 51:21Isaiah 51Isaiah 51:23 →