Isaiah 51:4
``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 19:6သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
Psalms 33:12ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
Psalms 78:1ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
Psalms 147:20ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။
Isaiah 2:3သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
Isaiah 42:1ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။