Isaiah 51:5
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 2:10ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
Psalms 67:4ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍ လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့် သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
Psalms 96:13အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
Psalms 110:6လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
Isaiah 40:10ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
Isaiah 46:13ငါသည်သင်တို့လွတ်မြောက်ရန်အချိန်ကာလ ကို နီးကပ်၍လာစေမည်။ ထိုကာလသည်လုံးဝမဝေးတော့ပြီ။ ငါသည်ကယ်တင်ခြင်းကျေးဇူးကိုလည်း ဆိုင်းငံ့၍ ထားလိမ့်မည်မဟုတ်။ ယေရုရှလင်မြို့ကိုငါကယ်တင်၍၊ ဣသရေလ အမျိုးသားတို့အားဂုဏ်အသရေရှိစေမည်။''