Isaiah 51:6
မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 4:19မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
Psalms 102:25ကိုယ်တော်ရှင်သည်ရှေးအခါကကမ္ဘာမြေ ကြီးကို တည်စေတော်မူပြီးလျှင်လက်တော်ဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူပါ၏။
Psalms 111:3ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။
Isaiah 34:4နေလနက္ခတ်တို့သည်မြေသို့ကြွေကျလိမ့်မည်။ မိုးကောင်းကင်သည်လိပ်၍တင်လိုက်သည့်စာ လိပ်သဖွယ်ပျောက်ကွယ်သွားကာ ကြယ်တို့ သည်စပျစ်ပင်သို့မဟုတ်သင်္ဘောသဖန်းပင် မှအရွက်ကြွေသကဲ့သို့ကြွေကျကြလိမ့် မည်။
Isaiah 45:17သို့ရာတွင်ဣသရေလအမျိုးသားတို့မူကား ထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည် ထာဝစဉ်တည်လိမ့်မည်။ သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''
Isaiah 51:8ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။