Isaiah 52:11
သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 5:2တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။
Leviticus 11:47သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။
Leviticus 21:6သူသည်သန့်ရှင်းရမည်။ ငါ၏နာမတော် ကိုမရှုတ်ချရ။ သူသည်ငါ့အားပူဇော် သကာကိုဆက်သရသူဖြစ်၍သန့်ရှင်း ရမည်။-
Numbers 16:26သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
Ezra 1:7သူတို့အားကုရုမင်းသည် ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာမင်းသိမ်းယူ၍ မိမိ၏ဘုရားတို့ဗိမာန်တွင်ထားရှိခဲ့သည့်ဖလားများကိုပေးအပ်တော်မူ၏။-