Isaiah 52:2
အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 29:4ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။
Isaiah 51:14အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။ လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊ မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
Isaiah 61:1ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
Jeremiah 51:45ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
Zechariah 2:6ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့ကိုအရပ်တကာသို့ ကွဲလွင့်စေတော်မူခဲ့၏။-
Luke 21:24အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။