Isaiah 53:12
သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 3:15သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Psalms 22:14ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
Isaiah 49:24ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။ မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
Isaiah 52:15သို့ရာတွင်ယခုအခါသူသည်လူမျိုးတကာ တို့ကို သန့်ရှင်းစေလိမ့်မည်။ ရှင်ဘုရင်များသည်လည်းမိန်းမောတွေဝေ၍ နေကြလိမ့်မည်။ သူတို့သည်မိမိတို့အဘယ်အခါကမျှ မသိမမြင်ဘူးသောအရာ မကြားဘူးသောအရာတို့ကိုတွေ့မြင်သိရှိ နားလည်လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 53:8လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
Daniel 2:45တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။