Isaiah 53:9
သူသည်ရာဇဝတ်မှုတစ်စုံတစ်ရာကိုမျှ ကူးလွန်ခဲ့ဖူးသည်မရှိ။ မုသားကိုလည်းအဘယ်အခါ၌မျှမသုံး စွဲခဲ့။ သို့ရာတွင်သူသည်ငါတို့အမျိုးသားတို့ ၏ အပြစ်များအတွက်သေဒဏ်စီရင်ခြင်းကို ခံရ၍၊ ရာဇဝတ်ကောင်များနှင့်အတူသင်္ဂြိုဟ်ခြင်း ကိုလည်းကောင်း၊ သူဌေးသူကြွယ်များနှင့်အတူမြှုပ်နှံခြင်း ကိုလည်းကောင်းခံရလေသည်။''
Common Language Bible
In The King James Version
In Context
Cross References
Matthew 27:57ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။-
Luke 23:50ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
1 Corinthians 15:4ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
Hebrews 4:15ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
1 Peter 2:22ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။-