Isaiah 54:14
သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Proverbs 3:24အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
Isaiah 1:26ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
Isaiah 9:4အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
Isaiah 45:24``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့် ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။ သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။
Isaiah 52:1ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
Isaiah 61:10ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။