Isaiah 55:11
ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။ ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 3:19ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
Isaiah 45:23ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့် ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
Isaiah 54:9``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
Jeremiah 1:12ထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။
Jeremiah 25:13ငါသည်ထိုလူမျိုးအားယခင်ကခြိမ်းခြောက် ခဲ့သည့်အတိုင်းလူမျိုးတကာတို့အား ယေ ရမိပြန်ကြားခဲ့သည့်အပြစ်ဒဏ်များဖြင့် လည်းကောင်း၊ ဤစာစောင်တွင်ဖော်ပြပါရှိ သည့်အပြစ်ဒဏ်များဖြင့်လည်းကောင်း ဆုံးမမည်။-
Matthew 24:35ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''